စစ်တပ်ဗိုလ်မှူးအပါအဝင် ၂၀ကျော်သေဟုဆို
ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း (၁၁)ကြိမ်ဖြစ်ထားပြီး စစ်ကောင်စီတပ်မှ ဗိုလ် မှူးတစ်ဦးအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးကြောင်း တောင်ငူခရိုင် PDFတပ်ရင်း (၃၅၀၁)က ယနေ့ (ဒီဇင်ဘာ ၂၄) ထုတ်ပြန်သည်။
တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ဒီဇင်ဘာ ၁၅ ရက်ကစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင် စီတပ်မှ ဗိုလ်မှူးနန္ဒအောင်အပါအဝင်အခြားအဆင့် ၂၀ထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ အမ်အေ-၂ စက်သေနတ် တစ်လက်၊ အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ အမ်အေ-၃ ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ (၆၀)မမ ဗုံးသီး တစ်ခု၊ အာပီဂျီ ဗုံးသီး တစ်ခု နှင့် ကျည်မျိုးစုံ တို့အားသိမ်းဆည်းရမိခဲ့ကြောင်း တပ်ရင်း (၃၅၀၁)က အသိပေးသည်။
အထက်ပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ တပ်ဖွဲ့ဝင်သုံးဦး မြင့်မြတ်စွာအသက်စွန့်လွှတ်ခဲ့ရပြီး ရဲဘော်တစ်ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့သည်ဟု ဖော်ပြသည်။
“အန္တရာယ်ကင်းစွာ ပြန်လာကြပြီလို့တော့ ပြောတယ်”ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)နှင့် နီးစပ်သူတစ်ဦးက ယနေ့(ဒီဇင်ဘာ ၂၄)အခြေအနေအား ပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင်း တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူ (၁,၀၀၀)ဦးထက်မနည်း ဘေးကင်းရာသို့ တိမ်းရှောင်နေရကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က အသိပေးထားသည်။
