ဖားကန့်တွင်ယနေ့ည တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းဒေသခံများကပြောသည်။
ယနေ့(ဒီဇင်လာလ ၂၃ရက်) ည၁၀ နာရီမှစ၍ သေနတ်ပစ်ခတ်သံများကြားရပြီး ယခုသတင်းရေးသားချိန် ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်နေကြောင်းဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နှင့် PDFတို့က သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
” စ,စချင်း သေနတ်သံအရင်ကြားတာ။ နောက်တော့လုံးခင်းထောင်ဘက်ကနေစစ်ကောင်စီကလက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်” ဟု၎င်းကပြောသည်။
KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြားဒီဇင်ဘာလ ၆ရက်နှင့် ၇ ရက်တွင် ဖားကန့်၌ တိုက်ပွဲဖြစ်ပွားပြီး ငြိမ်သက်နေခဲ့ရာမှ ယနေ့ညတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
