ကလေးမြို့နယ်အရှေပိုင်းတွင်စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်အား မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးခန့် အပြင်းအထန်ထိခိုက်သွားကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။
အင်အား ၇၀ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည့် ကလေးမြို့၊ အရှေ့ပိုင်းကံပုလဲကျေးရွာမှ ကလေးမြို့တောင်ပိုင်း နည်းပညာတက္ကသိုလ်ကို ဦးတည်စစ်ကြောင်းထိုးလာစဉ် ပေါက်ခုံရွာနှင့် ထိုမာရွာကြားတွင်ဒီဇင်ဘာ ၂၃ ရက်နေ့လယ် ၁၂ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ေ-တွေက ကျွန်တော်တို့ စိုးမိုးနယ်မြေဘက်ကို အရင်လို မလာရဲတော့ဘူး။ အခုက ပျူစောထီးရွာတွေဘက်မှာ လှုပ်ရှားနေတာ။ ဒီနောက်ပိုင်းတိုက်ခိုက်တာတွေကကျွန်တော်တို့က သူတို့ဆီ သွားတိုက်ခိုက်နေတာ”ဟုPDFကလေးမှပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီတပ်က၁၀မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီးနောက်နည်းပညာတက္ကသိုလ်(ကလေး)ထဲကို ဝင်ရောက်သွားသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုအခြေအနေကိုမျက်မြင်ဖြင့်အတည်ပြု ခဲ့ခြင်းဖြစ်သည်ဟုPDF(ကလေး)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်ကိုဇင်ကလင်းကျေးရွာနှင့်ထိုမာရွာအနီးတွင် PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၈ ရက်ကတည်းက ကလေးမြို့တောင်သာရပ်ကွက်အနီးနားရှိကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ထိုစစ်ကြောင်းကို ဒီဇင်ဘာ၁၉ ရက်တွင်သုံးအိမ်စုကျေးရွာတွင်မိုင်း၅လုံးဖြင့် PDF(ကလေး)ကတိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ ၁ရက်မှ ဒီဇင်ဘာလ ၂၃ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းအားPDFများက မိုင်းဆွဲတိုက်ခိုက်မှု ခုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်းကလေးPDFကပြောသည်။မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမိုင်းမတော်တဆဖြစ်ရပ်ကြောင့်PDF တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့သည်။
