ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အနောက်ခြမ်းဒေသရှိ စစ်ဘေးရှောင်များခိုလှုံရာကျေးရွာများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဥ် ပျံဝဲနေ၍ ပြည်သူများသတိစွာနေထိုင်ရန် မိုးဗြဲ PDFက ပြောသည်။
ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယဥ်တစ်စင်းပျံဝဲနေသည်ကို တွေ့ရှိရခြင်းဟု ဆိုသည်။
“တိုက်ပွဲမရှိဘဲနဲ့ကို ပျံနေတာ။ စစ်ဘေးရှောင်တွေ အတွက်ဘအထူးစိုးရိမ်တယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်နိုင်အောင် အသိပေးတာ”ဟု မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် ဒီဇင်ဘာ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင်လည်း ဖယ်ခုံ မြို့အနောက်ဘက်ခြမ်းသို့ ဦးတည်ပျံဝဲ မှုရှိခဲ့ကြောင်းလည်း အသိပေးသည်။
ဖယ်ခုံမြို့အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်ပြည်သူ သုံးထောင်ထက်မနည်းရှိကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများက ယခုနှစ် နှစ်လယ်ပိုင်းက ပြောကြားထားသည်။
လက်ရှိ ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလများအတွင်း စစ်ကောင်စီတပ်မှ ယုတ်မာရက် စက်သည့် အကြံအစည်များလုပ်ဆောင်လာနိုင်သောကြောင့် လူစုလူဝေးများပြုလုပ်ခြင်းမျိုး အထူးရှောင်ကျဥ်ရန်နှင့် မလိုအပ်သော လူစုလူဝေးပြုလုပ်ခြင်းမျိုးမပြုလုပ်ကြရန် မိုးဗြဲ PDFက အထူးတိုက်တွန်းသည်။
