တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက် အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမရှိသည့် ဝန်ထမ်း ၃၅ဦး အလင်းဝင်လာကြောင်းဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၁ ရက်) ထုတ်ပြန်သည်။
Non CDM ဝန်ထမ်းများ ရာထူးတာဝန်များမှ နှုတ်ထွက် အလင်းဝင်ကြရန် ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ PK PDF တပ်ရင်း (၁)၊ PK PDF တပ်ရင်း (၂)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂)၊ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်ရင်း (၃) နှင့် တပ်ရင်း (၁၁)တို့က သတိပေးခဲ့ခြင်းဖြစ်သည်။
“ဇွန်လနောက်ဆုံးထားပြီး သတ်ိပေးခဲ့တာပေါ့။အခု ကျွန်တော်တို့ဆီ ခံဝန်နဲ့ ထပ်ဝင်လာတဲ့ ဝန်ထမ်းတွေထဲမှာ ပြည်ထဲရေးနဲ့ ပညာရေးဌာနက များတယ်”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ ယန္တရားကို အားပေး ထောက်ခံသည့် မည်သည့်လုပ်ရပ်ကိုမဆိုတွေ့ရှိပါက ထိရောက်သောအရေးယူမှုများပြုလုပ်သွားမည်ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသည့် ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်မှာ CDM ပြုလုပ်ခဲ့ကြသည်။
