စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူရှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ကြောင်း Myinmu Civil Revolution Force က သတင်းထုတ်ပြန်သည်။
သြဂုတ် ၁ရက်က စတင်ပြီး လက်ပန်ကျင်းရွာ၌ အကြမ်းဖက်စစ်တပ်၏ ကုန်းကြောင်း၊ လေကြောင်းပစ်ခတ်မှုများကြောင့် လက်ပန်ကျင်းရွာ ပြည်သူ ခုနစ်ဦး ၊ ကန်ရင်းရွာ ပြည်သူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ကြောင်း၊အော်တို (၈ ) လက် ၊ 79 (၁) လက် လည်း ဆုံးရှုံးခဲ့ကြောင်း Myinmu Civil Revolution Force က အသိပေးသည်။
ပြည်သူများ၏ ထောက်ပို့မှု လိုအပ်နေကြောင်း Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် သြဂုတ်၁ရက် နံနက် ၁၁ နာရီဝန်းကျင်က လက်ပန်ကျင်းရွာကို ရဟတ်ယာဥ်ငါးစီးဖြင့် ပစ်ခတ်ခဲ့သည်။
သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုနှစ်ရက်ဖြစ်စဥ်များအတွင်း ပြည်သူနှင့်ပြည်သူ့ရဲဘော်များ ကျဆုံးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းဝင်းအတွင်း၌ KG တန်းကလေး များ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများနှင့် ကျေးရွာအတွင်းနေ ဒေသခံ ၁၀၀ကျော်ကိုလည်း နှစ်ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။
စစ်ကောင်စီတပ်သည် ကျောင်း၊ဓမ္မာရုံနှင့် ကျေးရွာဆေးပေးခန်းတို့ကိုလည်း ပစ်ခတ်ဖျက်ဆီးသွားခဲ့သည်။ ရွာအတွင်းရှိ နေအိမ်၁၅လုံးခန့်၊ ကား၊ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများ မွှေနှောက်ခိုးယူခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် မီးရှို့ဖျက်ဆီးခံရသောနေအိမ်အချို့အား တွေ့ရစဥ်။

דירה דיסקרטית ברמת גן
07/08/2022 at 12:26 ညနေ
Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.