တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်က မနေ့က ညပိုင်း မှာဖမ်းဆီးသွားပြီး နာရီပိုင်းအကြာ လမ်းဘေးမှာ အလောင်းစွန့်ပစ်ထားတာကိုတွေ့ရှိရတယ်လို့ လောင်းလုံးမြို့နယ်လုံးဆိုင်ရာအကသသပိတ်ကော်မတီ ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
ထားဝယ်မြို့နယ် ၊ဘုမ္မော်ရပ်ကွက်မှာနေထိုင်တဲ့ ဦးစိုးမြင့် ကို မနေ့ က ညပိုင်း ၁၀ ခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။
အဲဒီနောက် ည ၁၁ နာရီလောက်မှာ နားထင်မှာ သေနတ်ဒဏ်ရာ ၊ မျက်နှာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းကိုထားဝယ်မြို့က ဇဟာလမ်းမကြီး လမ်းဘေးမှာစွန့်ပစ်ထားတာတွေ့ခဲ့ရတယ်လို့ ဒေသခံပြည်သူတစ်ဦးရဲ့ပြောပြချက် ကိုသတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြတာတွေ့ရပါတယ်။
လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အလောင်းကို တွေ့ရတဲ့သူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေဟာ ဖမ်းဆီးခံရသူ သေဆုံးသွားပြီဆိုတာကိုဒီနေ့မနက်ပိုင်း ရောက်မှ သိခဲ့ရပါတယ်။
