ကျောက်ထု – ပခုက္ကူလမ်းပိုင်းအား အသုံးပြုခြင်း ခတ္တပိတ်ပင်ကြောင်း Kyaukhtu PDFက အရေးပေါ်သတိပေးချက် ထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၁ရက်) နံနက် ၁၀နာရီခန့်တွင် ယင်းကဲ့သို့ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။
ကျောက်ထု – ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ခတ္တရပ်နားပေးထားကြပါ ရန်နှင့် သေရေးရှင်ရေး ကိစ္စများအတွက်သွားလာရန်လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်း၀၉၄၀၂၂၇၁၀၅၇နှင့် ၀၉၇၆၇၁၄၁၆၆၀ သို့ ဆက်သွယ်မေးမြန်းရန် Kyaukhtu PDF က မေတ္တာရပ်ခံထားသည်။
လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေး သွားမည်ဟု အသိပေး ထားသည်။
