မြိုင်မြို့နယ်တွင် ကြားကာလပညာရေးအတွက် ပြည်သူ့အခြေပြုကျောင်း ဆရာ၊ ဆရာမများ ဆရာအတတ် ပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ သြဂုတ် ၂ ရက်တွင် ကျင်းခဲ့ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်သည်။
လက်ရှိအခြေအနေတွင် မြိုင်မြို့နယ်အတွင်း ပြည်သူ့အခြေပြုပညာရေးကျောင်းပေါင်း ၁၅၀ ဝန်းကျင် ဖဃင့်လှစ်ထားနိုင်ပြီဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၅,၀၀၀ ဝန်းကျင် ပညာသင်ယူလျှက်ရှိကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ စာရင်းများအရသိရသည်။






အဆိုပါကျောင်းများ၌ သင်ကြားရေးတာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၂,၅၀၀ ခန့်ရှိပြီး ၎င်းတို့အား မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ငွေကြေးထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ ကိုယ်ထူကိုယ်ထ လုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ပညာရေးဘုတ်အဖွဲ့က အသိ ပေးသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် ကြားကာလပညာရေးတွင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် သင်ကြားရေးပြုလုပ်နေသူများအပေါ် လွန်စွာအားနာမိကြောင်း ဖော်ပြထားသည်။
