မကွေးတိုင်း ထီးလင်းမြို့ရှိ စိုက်ပျိုးရေးဘဏ်အနီးနှင့် ဆောက်လုပ်ရေးရုံးအနီး မိုင်းခွဲပြီး Non – CDM ဝန်ထမ်းများကို နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း ယောဒေသကာကွယ်ရေးတပ်-YDF(ထီးလင်း)က သတင်းထုတ်ပြန်သည်။
ယနေ့(ဩဂုတ် ၂ရက်)နံနက် ၉နာရီခွင် မိုင်း သုံးလုံး ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယခုလုပ်ရပ်သည် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်စေရန် ကြိုးစားနေသော မြို့ပေါ်နေ Non-CDM ဝန်ထမ်းအချို့ကို သတိပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။
