မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။
ဩဂုတ် ၁ရက် ညပိုင်းက ရေစကြိုမြို့နယ် မင်းရွာ၌ တပ်စွဲထားသည့် အင်အား ၈၀ ခန့်ရှိသော ပျူစောထီးနှင့် စစ်ကောင်စီ ပူးပေါင်း တပ်များကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်ပါးစေများ ထိခိုက်ကျဆုံး အခြေအနေကို စုံစမ်းနေဆဲဖြစ် သည်ဟုဆိုသည်။
စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ phoenix-အထူးပြောက်ကျားတပ်ဖွဲ့ YLK ပြောက်ကျားတပ်ဖွဲ့ ၊ရဲဘော်ညီနှောင် PDF ၊ Young Fighterပြောက်ကျားတပ်ဖွဲ့တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရေစကြို PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
