ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်ခေါင် နာရီစင်ဘေးမှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့သိရပါတယ်။
မူဆယ် နာရီစင်ဘေးမှာ စစ်ကောင်စီလက်အာက်ခံ ယာဉ်ထိန်းရဲ အဖွဲ့က စစ်ဆေးရေးလုပ်နေချိန် မနက် ၁၁ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
ပေါက်ကွဲမှုကြောင့်ယာဉ်ထိန်းရဲ တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်ကနဦးသိရပါတယ်။ ဒါအပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပေမယ့် သီးခြားအတည်ပြုလို့မရသေးပါဘူး။
ဒီပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာလည်း ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
