အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရ
မူဆယ်မြို့လယ်မှ ယာဥ်ထိန်းရဲကင်းဗုံးပေါက်ကွဲပြီး ယဥ်ထိန်းရဲတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာအပြင်းအထန်ရကာ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။
မူဆယ်မြို့ အမှတ်(၁) စျေးရုံအနီးယာဥ်ထိန်းရဲကင်းမှာ ယနေ့နံနက် ၁၁နာရီ ၁၀ မိနစ်ခန့်တွင် ဗုံးဖောက်ခွဲခံရခြင်း ဖြစ်သည်။
“စစ်ကောင်စီဘက်က ယဥ်ထိန်းရဲတစ်ယောက်၊ ပြည်သူ့စစ်သုံးယောက် ထိတာ။ ဒဏ်ရာပြင်းထန် တယ်။ အရပ်သားအမျိူးသမီးနှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက်သေဆုံးသွားတယ်”ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရသွားသည့် ယဥ်ထိန်းရဲနှင့် ပြည်သူ့စစ်သုံးဦးစလုံး အခြေအနေဆိုးရွား နေမှုနှင့်ပတ်သက်ပြီး ၎င်းက ” စခတွေ မသေသေးဘူး။ လှုပ်နေသေးတယ်”ဟု ပြောသည်။
လက်ရှိကာလတွင် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးနေသည်။
