ပဲခူးမြို့တွင် ယနေ့ညဦးပိုင်းက ‘မင်းတို့အားလုံး သွေးကြွေးဆပ်ဖို့ပြင်ထား’ စာသားပါး ဘန်နာချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြော သည်။
အဆိုပါစာသားပါ ဘန်နာကို ရန်ကုန် – မန္တလေးအမြန်လမ်းနှင့် ရထားလမ်းဆုံ သည့်နေရာရှိ သံလမ်းဂိတ်တံခါးဘောင်တွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။
“ကျိုက်ပွန်ဘုရားဘက်ကနေ တန်းတန်းထွက်ရင် ရထားလမ်းနဲ့ကားလမ်းဆုံတဲ့ နေရာရှိတယ်။ အဲ့နေရာမှာ”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
အထက်ပါဆန္ဒပြလှုပ်ရှားမှုကို ပဲခူးလူထုသပိတ်အင်အားစုက ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
