စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူလေးဦးကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံရာက်မြန်မာလုပ်သားများဦးဆောင်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ အင်အားရာနှင့်ချီစုဝေး ဆန္ဒပြနေကြသည်။
ယနေ့ ထိုင်းစံတော်ချိန် နေ့လည် ၁နာရီကစ၍ မြန်မာလုပ်သားများက မြန်မာသံရုံးရှေ့တွင် စုဝေး ဆန္ဒပြနေခြင်း ဖြစ်သည်။




ဆန္ဒပြမြန်မာလုပ်သားများက သေဒဏ်စီရင်ခံရသူလေးဦး၏ ရုပ်ပုံများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများ ကိုင်ဆောင်ခဲ့ကြသည်။
မြန်မာလုပ်သားများ ဆန္ဒပြမှုကို ထိုင်းရဲတပ်ဖွဲ့မှ လုံခြုံရေးအဖြစ် အင်အားအနည်းငယ်သာလာရောက်သည်ကို တွေ့ရပြီး ဆန္ဒပြမှုအပေါ် တားဆီးခြင်းလည်း မရှိပေ။
