တနင်္သာရီတိုင်း မြိတ်မြို့ ကန်ကြီးရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်ဆက်ဆိုသူကို မြိတ်(ပကဖ)နှင့် မြိတ်ပြည်သူ့လွတ်မြောက်ရေး အဖွဲ့(MPFF)ပူး ပေါင်းအဖွဲ့မှ သွားရောက်ပစ်ခတ် ခဲ့ခြင်းကြောင်း ယနေ့ (ဇူလိုင် ၂၈)ထုတ်ပြန်သည်။
ယနေ့နံနက် ၅နာရီခန့်က မြိတ်မြို့၊ တပ်ပြင်စျေးအနီး၌ စစ်ခေါင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆက် ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လေးချက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု မြိတ်(ပကဖ)က ပြောသည်။
အဆိုပါပစ်ခတ်မှုတွင် ဦးကျော်ဆက်မှာ ထွက်ပြေးခြင်းကြောင့် ပထမတစ်ချက်လွဲချော်ခဲ့ပြီး နှစ်ချက်မှာ ကိုယ်လုံးအားထိမှန်၍ ကျန်တစ်ချက်မှာ ခါးအောက်ဘက် ခါးဆက်ရိုးနား ထိမှန်ခဲ့ ကြောင်း မြိတ်(ပကဖ)က ရှင်းပြသည်။
“ပစ်တာက ၄ ချက်ပါ။ တစ်ချက်က ပစ်တဲ့အချိန်မှာ ထွက်ပြေးတော့ နဘေးမှာရပ်ထားတဲ့ ကားမှာထိတယ်လို့သိရတယ်။ နှစ်ချက်ကကိုယ်မှာပေါ့။ ကျန်တစ်ချက်ကခါးမှာထိတာပါ”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်ဆက်ဆိုသူသည် ကျည်ကာအင်္ကျီအမြဲဝတ်ထားပြီး ယခုပစ်ခတ်မှုတွင်လည်း ခါးဆက်ရိုးနားထိမှန်သည့် ပစ်ချက်တစ်ခုသာ ဒဏ်ရာရသွားပြီး လက်ရှိတွင် ဆေးရုံ၌ ကုသမှုခံယူနေကြောင်း အထက်ပါ ရဲဘော်က ဆိုသည်။
