ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ မြ၀တီ-ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့တောင်ကြောပေါ်မှာ မနေ့က စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ ကော်ဘရာက သတင်းထုတ်ပြန်ထားပါတယ်။
မြ၀တီ-ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့တောင်ကြောကို ဇူလိုင်(၂၄)ရက် ညနေပိုင်းက အလစ်အငိုက်ကျူးကျော်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ ဒရုန်းတပ်ဖွဲ့နဲ့အတူ Golden Eagle ဒရုန်းတပ်ဖွဲ့လည်း အဓိက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်သား နှစ်ဦးနဲ့အထက် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကာ ကော်ဘရာစစ်ကြောင်းဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
