စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင်တော်လှန်ရေးပြီးဆုံးအောင်မြင်သည့်ကာလအထိခရီးသွားပြည်သူများ လိုက်နာရမည့်အချက် နှစ်ချက်ကိုအနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုကထုတ်ပြန်သတိပေးသည်။
ယနေ့(ဇူလိုင်လ ၂၄ရက်နေ့)မှစ၍ တော်လှန်ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိ မုံရွာ – အရာတော်လမ်းတွင် သွားလာနေကြသော မည်သည့် မော်တော်ယာဉ်မဆို ကားမှန်များချပြီး သင့်တင့်သောအရှိန်ဖြင့်သာမောင်းနှင်ကြရန်၊ ည၈ နာရီမှ နံနက် ၄ နာရီအတွင်းအရေးပေါ်အကြောင်းပြချက်တစ်ခု
ခုဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါကမုံရွာ – အရာတော်လမ်းပိုင်းမှတော်လှန်ရေးအဖွဲ့အစည်းများကိုဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြပါရန်အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုက သတိပေးသည်။
ဖေါ်ပြပါအသိပေးတားမြစ်ချက်များကို မလိုက်နာပါကအကြမ်းဖက်စစ်ကောင်စီ၏ အရပ်ဝတ်ကားများ၊ စစ်ကောင်စီ အသုံးပြုနေသောလူနာတင်ယာဉ်များ၊စစ်ကောင်စီအသုံးပြုနေသော သာသနာရေးကားများဟုသာယူဆပြီးထိုကားများနှင့် ထိုကားများကိုအသုံးပြုသူများ ထိခိုက်နစ်နာမှုများရှိလာပါကတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်းတပ်ပေါင်းစုကသတိပေးကြေညာထားသည်။
မုံရွာ-အရာတော်လမ်းပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဥ်များကိုဒေသတွင်းPDFများကမကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။
