ကော်သူးလေသစ်တောဌာန(KFD) က ကေအဲန်ယူ-ဒူးသထူခရိုင်ရှိကျေးရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာနှစ်ခုထူထောင်ဖို့ ရပ်ရွာလူထုကို ပံ့ပိုးကူညီခဲ့တယ်လို့ KFD က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၃ ကနေ ၁၅ ရက်အထိ ၃ ရက်အတွင်း တမဲကလိုးနဲ့သဲဖိုးကလိုးကျေးရွာတွေမှာ ကူညီဆောင်ရွက်ခဲ့တာပါ။








ရေဝေရေလဲဧရိယာတွေကို အကာအကွယ်ပေးခြင်းဖြင့် ရပ်ရွာလူထုတွေဟာ သူတို့ရဲ့ မျိုးဆက်တွေသာမက အနာဂတ်မျိုးဆက်တွေအတွက်ပါ လတ်ဆတ်သန့်ရှင်းတဲ့ရေကို ရရှိလာနိုင်မှာဖြစ်တယ်လို့ KFD က ဆိုထားပါတယ်။
အစဉ်အဆက် ဒေသခံနဲ့ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ ရေဝေရေလဲဒေသကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ စီမံခန့်ခွဲ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိတယ်လို့ KFD က ပြောကြားထားတာဖြစ်ပါတယ်။
