ထားဝယ်မြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီအဖွဲ့မှ အချင်းချင်းပစ်ခတ်ရာ ဒုရဲမှူးတစ်ဦး သေဆုံးကြောင်း Tanintharyi Defense Force က ယနေ့(ဇူလိုင် ၂၀ ရက်) ထုတ်ပြန်သည်။
စစ်ဆေးရေးဂိတ်မှ ကောက်ခံရရှိသည့် ငွေကြေးခွဲဝေမှုနှက့်ပတ်သက်ပြီး မမျှတရာမှ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
“သေတာက ဒုရဲမှူးကျော်သူဝင်း။သူတို့ချင်း ဝေစုမမျှလို့ ပစ်ကြတာ။ဒုရဲမှူးကတော့ သေသွားပြီ “ဟု ရဲသတင်းပေးတစ်ဦး၏ သတင်းပေးမှုကို ကိုးကား၍ Tanintharyi Defense Force က ပြောသည်။
ထို့အပြင် ယနေ့(ဇူလိုင် ၂၀ ရက်)တွင် ထားဝယ်ဝဲကျွန်းခရိုင်ရုံးတွင် ဒုရဲမှူး ကျော်သူဝင်း၏ နာရေးရှိသည်ဟု အသိပေးသည်။
မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ခရီးသွားယာဉ်လိုင်းများကို ငွေကြေးတောင်းခံပြီးမှသာ ဖြတ်သန်းခွင့်ပြုနေပြီး အနည်းဆုံး ငွေကျပ်ငါးထောင်မှ သောင်းဂဏန်းအထိ ပေးနေရသည်ဟုလည်း သိရသည်။
