ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၄)စစ်သင်တန်းကျောင်းအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး လက်နက် ငယ်တစ်လက်ရရှိကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။
တိုက်ပွဲမှာ ယနေ့(ဇူလိုင် ၁၆ရက်)နေ့လည် ၁၁ နာရီခန့်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အမှတ်(၁၄)စစ်သင်တန်းကျောင်းမှထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဇူလိုင် ဒုတိယအပတ်အတွင်း စစ်ကောင် စီ၏ စခန်းကုန် များကို တိုက်ခိုက်ခြင်းနှင့် ထောက်ပို့ယာဥ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF)က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲများအရ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် ထိတွေ့ မှုများ ရှိခဲ့သည်။
