▪️ယနေ့တွင်လည်း စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက်
ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ အလောင်းများကိုရမ်ထလိုကျေးရွာနှင့် ဒိုထဲကျေးရွာအကြား လမ်းဘေးတွင် မီးရှို့ခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။
အဆိုပါ နေရာများကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဓာတ်ပုံမှတ်တမ်းတင်ထားကြောင်း ၊ စစ်ကောင်စီတပ်သည် ဟာခါးမြို့နယ် ချွန်ကျုံးကျေးရွာနေအိမ် ၁၄လုံးကို မီးရှို့ပြီးနောက် ဟားခါမြို့ဖက်သို့ ဆက်လက်ထွက်ခွာကြရာ ယမန်နေ့ ဇူလိုင် ည ၇နာရီခန့်တွင် ချွန်ကျုံးနှင့် ဟားခါးအကြားတွင် ချင်းတော်လှန်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲံ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။
စစ်ကောင်စီတပ်သည် ဟားခါးနှင့် ၉မိုင်ခန့်ကွာဝေးသည့်နေရာတွင် ရောက်ရှိနေကြပြီး အဆိုပါနေရာတွင် စခန်းချညအိပ်ကြကြောင်း The Chin Journal ဖော်ပြထားသည်။
ဖလမ်းမှ ဟာခါးမြို့သို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင် ၈ရက်မှစ၍ ချင်းလက်နက်ကိုင် ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့သည်။
