ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ အဝင်အထွက်နေရာ၊ စစ်ကောင်စီတပ်နှင့် ရဲစခန်းများ ရှိရာ နေရာအနီး ဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်များ၊ ကားဂိတ်များ လာမည့် သုံးရက်အတွင်း အမြန်ဆုံးပိတ်သိမ်းပေးရန် ဟိုပင်ညွှန်ပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ဇူလိုင် ၁၆ရက်တွင် သတိပေးချက်ထုတ်ပြန်သည်။
ဟိုပင်မြို့ဝင်/ ထွက်၊ဟိုပင်မြို့နှင့် တိုးဂိတ်ကြား၊ သဲဂုဏ်ကျေးရွာနှင့် ဟိုပင်မြို့ကြား ၊ စစ်ကောင်စီတပ်ရင်း (၄၀) ၊ (၃၈၈)၊ (၃၈၉) ဟိုပင်မြို့ရဲစခန်းအနီး ဖွင့်လှစ်ရောင်းချနေသော စျေးဆိုင်များ နှင့်ကားဂိတ်များ ကို ပိတ်သိမ်းရန် သတိပေးလိုက်ခြင်းဖြစ်သည်။
နောက်ထပ် အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်ထိ မည်သည့် အကြောင်းကြောင်းကြောင့် ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ဖော်ပြထားသည်။
ထို့ပြင် ယခုထုတ်ပြန်သည့်နေရာများ အနီးဝန်းကျင်ရှိ ပြည်သူများ အနေဖြင့်လည်း အထူးသတိပြု ဂရုစိုက်ကြရန် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်ဟု ဟိုပင် PDFက ထုတ်ပြန်သည်။
အကယ်၍ သတိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာသည့် ကိစ္စ အ၀၀ကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်း ထပ်ဆင့် သတိပေးလိုက်ကြောင်း ဖော်ပြထားသည်။
