ပေါက်တောင်ပိုင်းသို့ စစ်ကောင်စီတပ်ဝင်ရောက်နေ၍ ပြည်သူ့များ သတိထားရှောင်ရှားရန် အသိပေး
မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသနှင့် ဆက်စပ်ဒေများ၌ စစ်ကောင်စီတပ်များ လှုပ်ရှားမှု ရှိ၍ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်းကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။
ကျောက်ထု-တပြင်းကားလမ်းတလျောက်စစ်ကောင်စီတပ်များကင်းပုန်းချလျက် နေရာအတော်များများ၌ ရှိနေပြီးအချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ယနေ့ (ဇူလိုင် ၁၅ရက်)မှစ၍ကျောက်ထု – ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန်လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးရန် မေတ္တာရပ်ခံထားသည်။
အဆိုပါ လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေးမည်ဟုလည်း ဖော်ပြထားသည်။
မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း စစ်ကော်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးလျက်ရှိသည်ဟု ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။
ဇူလိုင် ၁၄ရက် နေ့ခင်းပိုင်းတွင် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာ မှ စစ်ကောင်စီတပ်များသည် ပေါက်တောင်ပိုင်း တောင်ချိုကျေးရွာသို့ ရောက်ရှိကာ စာသင်ကျောင်း ပစ္စည်းများအား ဖျက်ဆီးမီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။
ယနေ့မနက်တွင်လည်း ကျောက်အိုးရွာမှ စစ်ဘေးရှောင်တဲများအား ပစ်ခတ်ဝင်ရောက်နေပြီး တဲများအား မီးရှို့ဖျက်ဆီးနေကြောင်း၊ တောင်ချိုကျေးရွာနှင့် ကျောက်အိုးကျေးရွာတို့တွင် စစ်ကောင်စီတပ်များ ရှိနေသေး၍ ပြည်သူများသတိထား ရှောင်ရှားကြရန် အသိပေးကြောင်းပေါက်တောင်ပိုင်းပြောက်ကျားတပ်က ထုတ်ပြန်ခဲ့သည်။
