စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထားကြောင်း အဆိုပါလမ်းပိုင်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် သည်။
ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ – အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။
ထို့အပြင် ဖြတ်သန်းသွားလာသည့်ယာဥ်များအားလုံး မှန်ချမောင်းနှင်ပေးကြရန်နှင့် မှန်မချဘဲ ဖြတ်သန်းသွားလာပါက ဖြစ်သမျှကိစ္စအဝဝအား တာဝန်ယူဖြရှင်းပေးမည်မဟုတ်ပါကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စကားကိုကိုးကားပြီး မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက သတိပေးသည်။
မုံရွာ – အမြင့်လမ်း၊ မုံရွာ – အရာတော်လမ်း၊ မုံရွာ – မန္တလေးလမ်းပိုင်းများတွင် စစ်ကောင်စီတပ်ယာဥ်များဖြတ်သန်းသွားမည့်ရက်များတွင် လမ်းပိုင်းခေတ္တပိတ်ထားလေ့ရှိပြီး အဆိုပါယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။
