လွိုင်ကော် – မော်ချီးလမ်းပိုင်းကို တစ်ပတ်လျှင် သုံးရက်သာဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့ (ဇူလိုင် ၁၀ ရက်) ထုတ်ပြန်သည်။
ကရင်နီပြည်နယ်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း – ၉ ၊ ၁၀ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွိုင်ကော် – မော်ချီးလမ်းပိုင်းအသုံးပြုရမည့် စည်းကမ်းချက်များကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြသည်။
ထိုအပြင် တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူးသုံးရက်သာ ဖြတ်သန်းရန်အပါအဝင် ပြည်ပခရီးသည်များလုံးဝသယ်ဆောင်ခွင့်မရှိခြင်း၊ဆန် ၁၀အိတ်ထက်ပို၍ မသယ်ဆောင်ရန် သတ်မှတ်ထားသည်။
အလားတူ ဘိလပ်မြေသယ်ဆောင်သည့် ကားများသည် အမှတ် (၂)ခရိုင်ထောက်ခံစာပါရှိမှ ဖြတ်သန်းခွင့်ရှိမည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းတွေ့ရှိပါက အရေးယူခံရမည်ဟု ဆိုသည်။
ထို့ကြောင့် ခရီးသွားယာဥ်မောင်းများအနေဖြင့် လမ်းဖွင့်ထားသည့် သုံးရက်အတွင်းသာသွားလာရန်နှင့်စည်းကမ်းချက်များလိုက်နာရန် KNDFက အသိပေးသည်။
