●ထောက်ပို့အတွက်စစ်တပ်ပိုင်စက်သုံးဆီများဟုဒေသခံအချို့ပြောသလို၊ ပုဂ္ဂလိကပိုင်ဆီများဟုအချို့လည်းပြောနေ
မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင်ယနေ့နံနက်ကစတင်လောင်ကျွမ်းခဲ့သောစက်သုံးဆီတင်တွဲမီးလောင်ကျွမ်းမှုကို နေခင်းပိုင်းအထိ့မီးမထိန်းနိုင်၍ မြစ်လယ်အတိုင်းမျှောလိုက်ရာ ယနေည ၁၁ နာရီတွင်မှ ဆားလင်းကြီးမြို့နယ် လက်ပတောင်းတောင်အနီးမြစ်တစ်နေရာတွင် မိုးရွာသွန်းပြီးနောက်ငြိမ်းသွားကြောင်း မုံရွာသတင်းမှန်ပြန်ကြားရေးကသတင်းထုတ်ပြန်သည်။

ဆီပေပါအလုံး ၁၀၀၀ ကျော်ပါ ဖလက်တစ်စီး(ဆီတင်တွဲကြီး) မီးလောင်းကျွမ်းမှုကို စစ်ကောင်စီ၏မီးသတ်တပ်ဖွဲ့ကငြှိမ်းသတ်ရန်ကြိုးစားသော်လည်း မထိန်းနိုင်ဘဲ မွန်းလွှဲပိုင်းတွင် ချင်းတွင်မြစ်လယ်မှအောက်သို့မျှောလိုက်သည်။
မျှောချလိုက်ပြီးနောက်ညနေပိုင်းတွင်မီးငြိမ်းသွားရာမှည ၉ နာရီ ၅၀ မိနစ်တွင် ဆားလင်းကြီးမြို့နယ် ၊လက်ပံတောင်းတောင်အနီးမြစ်ထဲ တနေရာမှာ ဆက်လက် မီးအားကောင်းစွာ လောင်ကျွမ်းခဲ့ကြောင်း မုံရွာသတင်းမှန်ပြန်ကြားရေးကသတင်းဓါတ်ပုံနှင့်တစ်ကွဖော်ပြသည်။

“၁၁ နာရီ(ဇူလိုင် ၁၀ ) အချိန်မှာ မီးများ ငြိမ်းသွားပြီး မိုးများလည်း ရွာလျှက်ရှိတယိလို့ သတင်းရရှိပါတယ်” ဟုမုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကဆက်လက်အသိပေးသည်။

မီးစတင်လောင်ကျွမ်းသည့်အကြောင်။အရင်းကို ဒေသခံအချို့နှင့် မီဒီယာအချို့က 929 ဆပ်ကမ်းတွင်ဆီတင်တွဲနှစ်စီးဆီတင်ရာမှ မီးစတင်လောင်ကျွမ်းပြီး ပုဂ္ဂလိကပိုင်စက်သုံးဆီတင်ဖလက်များဟုပြောဆိုရေးသားကြသည်။သို့သော် ဒေသခံအချို့က အဆိုပါစက်သုံးဆီများမှာ စစ်ကောင်စီတပ်အတွက် ထောက်ပို့ရန် စက်သုံးဆီများဖြစ်ကြောင်းပြောသည်။မြို့ပြပြောက်ကျားနှင့်PDF များကို စစ်ကောင်စီတပ်ကသေနတ်ဖြင့်လိုက်လံပစ်ခတ်ရင်းမီးစတင်လောင်ကျွမ်းသည်ဟုကြားသိရကြောင်းလည်းဒေသခံတစ်ဦးကလည်းပြောသည်။

မီးစတင်လောင်ကျွမ်းသည့်အကြောင်းအရင်းနှင့်စစ်ကောင်စီ၏ စက်သုံးဆီများဟုတ်၊ မဟုတ်ကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
သို့သော်ယနေ့ မုံရွာဆိပ်ကမ်းတွင်ဆီတင်တွဲ မီးလောင်ကျွမ်းနေစဥ် အရပ်ဝတ်ဖြင့် လူမိုက်ပုံစံ အမျိုးသားအချို့က မီးလောင်သည်ကို လာရောက်အကဲခပ်နေသည်ကိုတွေ့ရကြောင်းဒေသခံအချို့ကပြောသည်။ အချို့မှာတုတ်၊ ဓါးများပါသည်ကိုတွေ့ရကြောင်းလည်းဒေသခံတစ်ဦးကပြောသည်။

ဆီပေပါပေါင်းများစွာမီးလောင်ကျွမ်းခြင်းဖြစ်၍ မီးခိုးလုံးကြီးကို မြို့နေရာအနှံမှမြင်တွေ့ရပြီး ။ မုံရွာမြို့ခံ ပြည်သူများက မြို့သို့မီးကူးစက်လောင်ကျွမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။
ဓါတ်ပုံ-လေလွှင့်သူ၊သုခဟိတနာရေးကူညီမှုအသင်း ၊မုံရွာမြို့သတင်းမှန်ပြန်ကြားရေး
