ဖလမ်း-ဟားခါးကြားတွင် ချင်းပြည်ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားယနေ့ နံနက်ပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေကြောင်းချင်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်
စစ်ကောင်စီတပ်သည် ဇွန် ၂၉ ရက်က ကလေးမြို့မှာ ချင်းတောင်ကို စစ်ကား ၂၂ စီးဖြင့် တက်လာခြင်းဖြစ်ပြီး ထိုစစ်ကြောင်းကို ချင်းပြည်ကာကွယ်ရေးတပ်များကပူးပေါင်းတိုက်ခိုက်ခနေခြင်းဖြစ်သည်။ CNA/CNF ၊ CNDF ၊CDF မတူပီစသောချင်းပူးပေါင်းတပ်များကပူးပေါင်း၍စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။
“ဒီနေ့မနက်မှာ စပစ်ကြတယ်။ စခ(စစ်ကောင်စီတပ်)တွေက ရွာတွေထဲဝင် ရမ်းသမ်းပစ်ခတ်နေတယ်”ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ကို CNFတိုက်ပွဲအခြေအနေအသေးစိတ်ကိုမူမသိရသေးကြောင်းလည်း၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်၊ ခွဲမွှာလ်ကျေးရွာတွင် တပ်ခွဲတစ်ခွဲချကာ စခန်းသစ်တည်ဆောက်ရန်စီစဥ်နေသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်နေမှုကြောင့် ကလေး-ဟားခါးလမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများက ဇွန် ၃၀ ရက်ကတည်းက နေအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည်။ယနေ့တွင်လည်း တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံအချို့ကပြောသည်။
ထိုအပြင်ယနေ့နံနက်တွင် မတူပီမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်ရေးတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရမှုများရှိသည်။
