▪️ဒေသတွင်း အစည်းအဝေးတွင်ပင် ဒုတိယအကြိမ်မြောက်ဖယ်ကြဉ်ခံရခြင်းဖြစ်
ဇူလိုင်လကုန်တွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်မြန်မာစစ်ကောင်စီဝန်ကြီးကိုတက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကမ္ဘောဒီးယာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံက ဖယ်ကြဉ်ထားခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။
“အာဆီယံဘုံဆုံးဖြတ်ချက်၅ရပ်တိုးတက်မှုမရှိပါက အာဆီယံဥက္ကဌနဲ့အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ဘုံဆုံးဖြတ်ချက်အရ”ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးထံပေးပို့သောစာ၌ ဖော်ပြထားသည်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်(non-political representative)ကိုသာ အာဆီယံက ဖိတ်ကြားသွားမည်ဖြစ်သည်။
လာမည့်အာဆီယံထိပ်သီးအစည်းအဝေးကို ဇူလိုင် ၃၀ မှ ဩဂုတ် ၆ ရက်အထိ အလှည့်ကျဥက္ကဌနိုင်ငံကမ္ဘောဒီးယား၌ ကျင်းပသွားမည်ဖြစ်သည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။
ထို့အပြင် ဩစေတြးလျ၊ ကနေဒါ၊ တရုတ်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုရီးယား၊ မွန်ဂိုလီယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တီမောလက်စတီ၊ ပါပွာနယူးဂီနီယာစသည့်နိုင်ငံများလည်း (၂၉)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်ကို ကမ္ဘောဒီးယား၌ ကျင်းပမည်ဖြစ်သည်။
ကိုးကား – Anadolu Agency
