လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ရဲဘော်များကိုယ်တိုင် ဖန်တီးထားသော ကဗျာဖတ်ရင်းလှူနိုင်မည့် နွေဦးကဗျာ Application အား မိတ်ဆက်လိုက်သည်။
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)လက်အောက်ရှိ DawNa တပ်စုဝင် ရဲဘော်များကိုယ်တိုင် ရန်ပုံငွေရှာရန် ဖန်တီးထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဘက်က တပ်ဖွဲ့များကို တတ်အားသရွေ့ထောက်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း Application စီစဥ်သူ ရဲဘော်များက ပြောသည်။


နွေဦးကဗျာ Appထဲတွင် တော်လှန်ရေးရဲဘော်များကိုယ်တိုင် ရေးသားထားသည့် ရင်တွင်းကဗျာများလည်း ပါဝင်ကြောင်း ရဲဘော်များက ပြောသည်။
“ခေတ်ပေါ် ခေတ်ပြိုင်ကဗျာဆရာတွေရဲ့ ကဗျာတွေကို အထပ်ထပ်အခါခါ နားထောင်လို့ရနိုင်မယ့် Audio ပုံစံဖြင့် အသက်သွင်းထားပြီး ကဗျာတပုဒ်နားထောင်မယ်ကြံတိုင်း ပေါ်လာတဲ့ ကြော်ငြာတွေကို ကြည့်ပေးရင်းနဲ့ ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ Audio တွေကို auto မသွားဘဲတစ်ပုဒ်ပြီး တစ်ပုဒ်နှိပ်ပေးနေမှ ADတက်မှာဖြစ်ပြီး ဝင်ငွေပိုရရှိမှာဖြစ်ပါတယ်။ “ဟု Application စီစဥ်သူ ရဲဘော်တစ်ဦးက ပြောသည်။
ကနဦးအနေဖြင့် Android ဖုန်းများတွင် စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
App ဒေါင်းလုပ်ခ်လုပ်ရန် Link
https://play.google.com/store/apps/details…
