ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသ၌ ဇွန်လ ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA)တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
MNDAA၏ အထူးဒေသ(၁) မန်ကာရွာအနီး၌ ဇွန်လ ၃၀ရက် မွန်းလွဲပိုင်း၌ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။
“အဲဒီတိုက်ပွဲမှာ ရန်သူ သုံးယောက်ကို ချေမှုန်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ တပ်အနေနဲ့ အသေးစား ဒဏ်ရာရရှိမှု နှစ်ယောက်ရှိခဲ့တယ်”ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။
ဇွန်လ ၂၆ရက်ကလည်း မူဆယ်မြို့နယ် နမ့်တောင်းဒေသရှိ MNDAA တပ်စခန်းကို လာရောက် တိုက်ခိုက်သည့် စစ်ကောင်စီတပ်ကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်သည်ဟု ဆိုသည်။
