အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၏ Facebook စာမျက်နှာကို လွှင့်တင်လိုက်ကြောင်း NUCC က ယနေ့ အသိပေးသည်။
NUCC၏ သတင်းပြန်ကြားရေးနှင့် လူထု ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုအားကောင်းစေရန် အတွက် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့်တရားဝင် Facebook စာမျက်နှာ https://www.facebook.com/nucc.federal/ ကို လွှင့်တင်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
တရားဝင် ဝက်ဘ်ဆိုက်ကိုလည်း မကြာမီ လွှင့်တင်သွားမည်ဖြစ်ကြောင်း NUCCက ထုတ်ပြန်သည်။
အာဏာရှင် စနစ် အပါအဝင် မည်သည့် အာဏာရှင် စနစ်မဆို အပြီးတိုင် ချုပ်ငြိမ်းရေး နှင့် ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အ၀ အာမခံချက် ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းရာ၌ ဦးဆောင်မည့်
NUCCကို အစုအဖွဲ့ ၅ဖွဲ့မှ ကိုယ်စားပြု အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
