တောင်ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ရန်သွားလိုသူများအတွက် EPS စားမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ဇူလိုင် ၇ ရက်တွင် စတင်လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သည်။
လျှောက်လွှာများကို ဇူလိုင် ၇ ရက်မှ ၂၃ ရက်အထိ အွလိုင်းမှ လက်ခံသွားမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံဖူးသူ၊ ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရသူ၊ ကိုရီးယားနိုင်ငံမှ နှင်ထုတ်ခံရဖူးသူများအား ဖြေဆိုခွင့်ပေးမည်မဟုတ်ကြောင်း ဖော်ပြသည်။
တောင်ကိုးရီးယားနိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်းများတွင် ကုန်ထုတ်လုပ်ငန်းအတွက် ၇,၀၄၅ ဦး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ၅၉၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၁,၄၈၅ဦး အသီးသီး အောင်မြင်မှုပေးသွားမည်ဟု ဆို သည်။
“ဖောင်တင်ပြီး စာမေးပွဲက ၃ လ၊ ၄ လ ကြာမှ ဖြေရမယ်ဆိုရင်တောင် သင်တန်းတွေက သင် ရိုးပြတ်အောင် အချိန်ပိုစောင်းသင်ပါလိမ့်မယ်။ မိမိကလိုက်နိုင်မှု ကြိုးစားမှုက အဓိကကျပါလိမ့်မယ်။ EPS စာမေးပွဲ အောင်မယ်၊ မအောင်ဘူးက မည်သည့်သင်တန်းကမှ အာမမခံပါ။ မိမိ ကံ၊ ဉာဏ်၊ ဝီရိယက ၈၀% အဓိကကျပါလိမ့်မယ်”ဟု တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပေးသည်။
ထို့အပြင် မိမိအနေဖြင့် ဖြေဆိုရန်အဆင်သင့်မဖြစ်သေးဟုယူဆပါက အချိန်ကာလတစ်ခုပေးပြီး လေ့လာသင်ယူသင့်ကာ စာမေးပွဲကာလအား စောင့်စိုင်းနေစဥ် ဝင်ငွေရမည့်အလုပ်တစ်ခုလုပ်ကိုင်သင့်ပြီး ရပ်စောင့်မနေသင့်ကြောင်း ၎င်းက အကြံပြုသည်။
EPS စာမေးပွဲအတွက် စာစစ်ဌာနများကို သြဂုတ်နှင့် အောက်တိုဘာလများအတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့်သူများတွင် မမှန်ကန်သောအပြုအမူဖြင့် ဖြေဆိုပါက စာမေးပွဲဖြေဆိုခွင့် ၄ နှစ်အထိအပိတ်ခံရမည့်အပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရမည့် EPS စာမေးပွဲများကို ဒီချုပ်အစိုးရလက်ထက် ၂၀၂၁ ခုနှစ်အတွင်း ကျင်းပရန်စီစဥ်ခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
