စစ်သားနှင့်ပျူများရမ်းပစ်၍ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး၊ဆိုင်တစ်ဆိုင်မှကား၊ငွေနှင့်ရွှေများလုယက်သွား
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားနှင့်ပျူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။
ယမန်နေ့(ဇွန်လ ၂၉ရက်နေ့) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာစျေးကို စျေးလာဝယ်သော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ခင်ဦးမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူ ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း PDFများက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း ၎င်းအဖွဲ့များက ဆိုသည်။
အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အသတ် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်း PDFများက ပြောသည်။သေဆုံးသူကလေးငယ်မှာမြင်းဒေါင်းကျေးရွာအ.ထ.ကစာသင်ကျောင်းအနီး၌ စိုက်ပျိုးခင်း ရှင်းရန်လာသော မိသားစုမှဖြစ်ပြီး လည်ပင်းအား လက်နက်ငယ် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားသည်။
ထို့အပြင်စစ်သားနှင့်ပျူများက မြင်းဒေါင်းကျေးရွာ၊ ဂွတ်ဒေး စားသောက်ဆိုင်မှ Light Truck တစ်စီးနှင့်နားကပ်၊လက်စွပ်တစ်ကွင်းနှင့် ငွေကျပ် ၅ သိန်းကို အကြမ်းဖက်လုယူသွားကြောင်း ဒေသခံများက ပြောသည်။
ရေဦး-ခင်ဦးလမ်းပိုင်းတွင် လာသမျှကား ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး ကင်းပုန်းများလည်း လမ်းပိုင်းတစ်လျှောက် ချထားကြောင်း၊ ရေဦး-ခင်ဦး လမ်းပိုင်းအား ရှောင်ကွင်းသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးခဲ့သည်။
