အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းများ ချင်းတောင်ဘက်သို့ ဦးတည်လာသည့်ဒေသများကို ရောက်ရှိနေ၍ ပြည်သူလူထုများ သတိဖြင့်နေထိုင်ကြရန် မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ အင်အား ၉၀ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၂၅ရက် နေ့လည်ပိုင်းတွင် ထီးလင်းမြို့နယ် တောရောင်းရွာမှ ထလင်းရွာဘက်သို့ ထွက်လာ၍ ချင်းတောင်ဘက်သို့ ထွက်လာ၊မထွက်လာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကြောင်းအတွင်း ဖမ်းဆီးမှုများရှိနိုင်သည့်အတွက်မိဘပြည်သူများအနေနှင့် သတိဖြင့် နေပေးကြပါရန်မေတ္တာရပ်ခံကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ် စစ်ကြောင်းသည် ချင်း – မကွေး နယ်စပ် ဆောမြို့နယ်ရှိ ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားနေ၍ အကယ်၍ ချင်းတောင်ဘက်သို့ တက်လာပါက သတင်းပေးပို့ရန် မင်းတပ် CDFက မေတ္တာရပ်ခံထားသည်။
