▪️အသက် (၄၀)အရွယ်အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ဦးကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်၍ ရွာသူ၊ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(ဇွန်လ၂၄ရက်) နံနက်၉နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေစကြိုမြို့နယ် တောင်ဦးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများက ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အသက် (၄၀)အရွယ် ကိုထွန်းသန်းဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်သားများသည် ယမန်နေ့ညကလည်း တောင်ဦးရွာ၌ပင် ညအိပ်တပ်စွဲခဲ့၍ ရွာသူ၊ရွာသားများမှာ မပြန်ရဲဘဲ တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြော သည်။
စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။
ယမန်နေ့ ညနေ ၄နာရီခန့်က ရေစကြိုမြို့နယ် တောင်ဦးရွာနှင့် အောင်သပြေကျေးရွာကြားတွင်လည်း စစ်ကောင် စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦး နေရာတွင်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ထောက်ပို့ရဲဘော်တစ်ဦးလည်း ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က အသိ ပေးထားသည်။
