ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ် ဆီးမီးလော့ရွာ အောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံ ဇုန်က ထုတ်ပြန်သည်။
ယနေ့(မေ ၁၇ ရက်)နံနက် ၅ နာရီကစ၍ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းမှ တဆင့် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်နေခြင်းဟု အသိပေးထားသည်။
“မနက်အစောကတည်းကထိတွေ့တိုက်ပွဲဖြစ်ပွါးနေတာကြောင့် အားလုံးဘေးကင်းကြပါစေ။ ပြည်သူများဘေးလွှတ်ရာသို့ ပုန်းရှောင်ကြပါဗျ”ဟု ၁၀၀၈ တပ်ရင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(မေ ၁၆ ရက်)ကလည်း မိုးဗြဲဆည် ဆီမီးလော့ရွာ အနီးတွင် ပြည်သူကာကွယ်ရေးတပ်များနှင့် စစ်ကြောင်းထိုးလာသောအကြမ်း ဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့ပြီးယနေ့တွင်လည်းဆက်လက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖက်သေဆုံး ထိခိုက်မှုကိုလည်းအတည်မပြုနိုင်သေးဘဲ ပြည်သူကာကွယ်ရေးတပ်များထိခိုက်မှုမရှိပေ။
မေ ၁၅ ရက်ကဖယ်ခုံ အရှေ့ဘက်ကမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါ အဝင် ရှစ်ဦးထက်မနည်းသေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
အထိနာခဲ့သောစစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အုပ်စုတို့သည် မေ ၁၆ ရက်ညနေပိုင်းတွင်ဆောင်နန်းခဲရွာ အား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ရွာတစ်ရွာလုံးနီးပါး မီးရှို့ဖျက်စီးခဲ့သည်။
မေ ၁၃ ရက်ကစ၍ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းကို ၁၀၀၈ တပ်ရင်းတို့ကို ဖယ်ခုံ PDFတပ်ရင်း ၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း ၁၀၀၅၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။
တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ကူပေးခြင်း ၊ဂျက်လေယာဉ် နှစ် စီးဖြင့် ဗုံးကျဲခြင်း ၊ ဟယ်လီကော်ပတာဖြင့်ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
မေလ ၇ ရက်က မိုးဗြဲအင်းအရှေ့ဘက်ရှိထီခိရွာစာသင်ကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်PNO ပြည်သူ့စစ်ကြောင်းကို KNDF ၊ KA နှင့် PDF တို့က ပူးပေါင်ူတိုက်ခိုက်ရာ ဗိုလ်မှူးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး ၅ ဦးကိုဖမ်းဆီးနိုင်ခဲ့သည်။
