စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အခြေစိုက်အမိမြေတော်လှန်ရေးတပ်ဖွဲ့က အဝေးပစ်ရိုင်ဖယ်နှင့်ရှော့ဒုံးများကို ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က အသိပေးသည်။
ပြည်သူများထံမှ ကူညီထောက်ပံ့လှူဒါန်းရရှိသည့် အလှူငွေများအား ဖောက်ခွဲရေးပစ္စည်းများ၊ကျည်တောင့်များဝယ်ယူနိုင်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန်ချေမှုန်းရေးရိုင်ဖယ်တစ်လက် (M4 A1 )၊ ကင်းထောက်ဒရုန်းတစ်စီး၊ ကာဘိုင်အမျိုးအစားအဝေးပစ်ရိုင်ဖယ်တစ်လက်ဝယ်ယူနိုင်ခဲကြောင်းအမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြည်သူသို့အသိပေးသည်။
ထို့အပြင်အဖွဲ့ထုတ်လုပ်ရေးမှ အဝေးပစ်ရိုင်ဖယ်တစ်လက်၊ ရှော့ဒုံးများကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ဝယ်ယူနိုင်ခဲ့သည့်ပစ္စည်းများမှာလည်း ငွေကြေးလုံလောက်၍ မဟုတ်ဘဲ ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန်အတွက်အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ခြင်းသာဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။
ထို့ကြောင့် ဝယ်ယူထားသည့်ပစ္စည်းများအတွက်အရစ်ကျငွေပေးချေနိုင်ရန်နှင့်ရှော့ဒုံးအများအပြားထုတ်လုပ်နိုင်ရန် ပြည်သူများ၏ ထောက်ပံ့မှုများလိုအပ်နေပါကြောင်း တပ်ဖွဲ့က ပြည်သူသို့ အသိပေးသည်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် ယင်းမာပင်ခရိုင်အတွင်းရှိဒေသတွင်းအခြား ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည်။
