မကွေးတိုင်း ပေါက်မြို့နယ် ချောင်းဝကျေးရွာရှိ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်စီးရန်လာသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးများအား ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)က ထုတ်ပြန် သည်။
ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏လက်ပါးစေဖြစ်သော ရွှေဘုံသာရွာမှ ပျူစောထီးခေါင်းဆောင် တင်ညိုအပါအဝင် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ကြောင်းသိရသည်ဟု ထုတ်ပြန်သည်။
PRF ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖုန်းနှစ်လုံးနှင့် ကျည်ဘောက်တစ်ခုကို သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။
