ပခုက္ကူ – ရေစကြိုလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများလိုက်ပါလာသော ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Yesagyo PDF က ယနေ့(ဇွန် ၁၁) ထုတ်ပြန်သည်။
ယနေ့နံနက် ၉ နာရီခွဲက ပခုက္ကူ – ရေစကြိုလမ်းပေါ် စစ်သားနှင့် ပျူစောထီးများလိုက်ပါလာသော Hijet (အဖြူ)ကားတစ်စီးကို ကျီးကန်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားကြောင်း ဖော်ပြသည်။
“ခုနစ်ကောင်ခန့်လိုက်ပါလာသော အဆိုပါအုပ်စုမှ နှစ်ကောင် ဘဝပြောင်းသွားပြီး ကျန်(၅) ကောင်မှာ ပြန်လည်တိုက်ခိုက်မှုပင်မလုပ်နိုင်တော့တဲ့ထိ အပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်”ဟု Yesagyo PDF က ပြောသည်။
အထက်ပါ တိုက်ခိုက်မှုအား မဟာမိတ်(၄)ဖွဲ့ဖြစ်သော Yesagyo PDF ၊ Northern Yesagyo (N-YSO) ပြောက်ကျားတပ်၊ Myaing Rural Guerilla Force Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
