မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီး၊ ရဲများနှင့် စစ်ကောင်စီတပ်သားများ ၁၅ရက်အတွင်း လက်နက်ချ အလင်းဝင်ရန် သတိပေးလိုက်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Young Revolution Front(YRF)က ယမန်နေ့ညက ထုတ်ပြန်သည်။
လက်နက်ချက အလင်းမဝင်ပါက မဟာမိတ်ညီနောင်များမှ အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိ ပေးအပ်သည်ဟု ဖော်ပြထားသည်။
ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။
ပြည်သူများ၊ ကလေးငယ်များ အနေဖြင့် ဘေးလွတ်ရာဒေသများသို့ ရှောင်တိမ်းပေးကြရန်လည်း YRFက မေတ္တာရပ်ခံထားသည်။
YRFသည် ဇွန်လ ၇ရက်က ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် မဟာမိတ်များနှင့်အတူ ပူးဆောင်ဆောင်ရွက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။
