စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတောရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့အား ဒေသတွင်းမဟာမိတ် ၉ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို(ပကဖ) အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇွန်လ ၉ ရက်)နံနက်ပိုင်းက ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူခေါင်းဆောင်မောင်ဆန်း ဦးဆောင်သောပျူအဖွဲ့ကို မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ကြသည်။
ပျူစောထီးတစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ မဟာမိတ်တပ်ပေါင်းစု ရဲဘော်များထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ ရမ်းသမ်းပစ်ခတ်မှု့ကြောင့် ဒရုန်းတစ်စီး ပြုတ်ကျဆုံးရှုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။
တည်သီးတောကျေးရွာတွင် စစ်ကောင်စီတပ်သည် အခြေခံပညာကျောင်း၌ တပ်စွဲထားပြီး ဒရုန်းဖြင့် တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီတပ်သည် အဆိုပါစစ်ဆင်ရေးအား ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို၊ မတစ်ထောင်(တစ်ကောင်ဖွား) ဒီပဲယင်း၊ C&T SHWEBO ၊ SNAKE EYES PDF ၊ PEOPLE DEFENSE FORCE SHWEBO ၊ Alpha 7 ၊ ဖားရွှေကျော်အဖွဲ့၊ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု ၂တို့မှ သွားရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို (အဖွဲ့)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ရွှေဘိုနယ်အတွင်း တည်သီးတောကျေးရွာအပါအဝင် အကြမ်းဖက်စစ်တပ်နှင့် ပျုစောထီးများရှိရာ နေရာများသို့ မဟာမိတ်ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
