စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသ၊အလယ်ခုံကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး စစ်ကူလာသည့် ယာဥ်တန်းကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှထိခိုက်သေဆုံးသူများပြားကြောင်း ကန့်ဘလူခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း(၂) က ထုတ်ပြန်သည်။
ယခုလ ၈ ရက် နေ့လည်ကစ၍ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးဖြင့် စတင်ပစ် ခတ်တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူများအားကူညီရန်ထွက်လာသော စစ်တပ်နှင့်ပျူစောထီးအဖွဲ့ဝင်များကို ယမန်နေ့ နံနက် ၈ နာရီခန့်က တပ်ကုန်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးပြီးလေး ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။
ထပ်မံ၍ နေ့လည် ၁၂ နာရီခွဲခန့်တွင် ကျွန်းလှမှချပ်သင်းကျေးရွာသို့ စစ်ကူထွက်လာသောစစ်ကောင်စီယာဥ်တန်းခြောက်စီးအား ဖလားရကျေးရ ကျေးရွာအနီးတွင်မဟာမိတ်တပ်ပေါင်းစုများမှစောင့် ကြိုတိုက်ခိုက်ရာနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးစစ်ကောင်စီဘက်မှသေဆုံး၊ဒဏ်ရာရများပြား (အတည်ပြုနေဆဲ)ဟု အသိပေးသည်။
ထိုတိုက်ပွဲအတွင်း ၎င်းတို့တပ်ရင်းမှ ရဲဘော် နှစ်ဦးတိုင်းပြည်အတွက်အသက်ပေးလှူခဲ့ပြီး တိုက်ပွဲ၌ ရဲရင့်စွာအသက်ပေးလှူသွားသောပြည်သူ့ရဲဘော်နှစ်ဦးအားအလေးနီပြုကြောင်း ကန့်ဘလူခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း(၂)က ပြောသည်။
ကန့်ဘလူမြို့နယ်မြောက်ခြမ်းဒေသရှိ ရွာများအားနေ့စဥ်မီးပတ်ရှို့နေသော စစ်ကောင်စီတပ် သည်ချပ်သင်းဒေသရှိအောက်တဲရွာအား ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
ကန့်ဘလူမြို့နယ်တွင်ရှိ ကိုးတောင်ဘို့၊ချပ်သင်း၊ချပ်ကြီး၊ပင့်သာဒေသရှိ ကျေးရွာပေါင်း၂၀ကျော်မှဒေသခံ နှစ်သောင်းကျော်မှာ စစ်ဘေးသင့်နေပြီး ဆေးဝါးရိက္ခာအကူအညီအလုံးစုံလိုအပ်လျှက်ရှိသည်။
