ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ဝန်ထမ်းအမျိုးသားတစ်ဦးဟာ မနေ့က ညနေပိုင်း မော်လမြိုင်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားကြောင်း WHO မြန်မာက သတင်းထုတ်ပြန်အသိပေးပါတယ်။
WHO ဝန်ထမ်းမျိုးမင်းထွဋ်ဟာ ရုံးကနေ အိမ်ကို မော်တော်ဆိုင်ကယ်နဲ့အပြန် သံလွင်ဥယျာဉ်လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတာပါ။
သေဆုံးသွားတဲ့ ဝန်ထမ်းဟာWHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။
အသတ်ခံရတဲ့ မျိုးမင်းထွဋ်ဟာ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးရဲ့ ဆွေးမျိုးတော်စပ်သူလို့ စစ်ကောင်ရဲတပ်ဖွဲ့ရဲ့ ရင်းမြစ်တစ်ဦးက People’s Spring ကိုပြောပါတယ်။
“မော်လမြိုင်မှာ မနေ့က ပွဲဆူသွားတဲ့သတင်း။ ဟုတ်တယ်။ အသတ်ခံရတဲ့သူက ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ အမျိုးတော်တယ်” ဟုအထက်ပါရဲအရာရှိကပြောတယ်။
ဒါအပြင်မျိုးမင်းထွဋ် ဟာ စစ်ကောင်စီရဲတွေနဲ့နီးစပ်ပြီးမော်လမြိုင်မြို့မှာ ဧည်စာရင်းစစ်ဆေးတာတွေမှာ ၊CDM ဝန်ထမ်းမိသားစုဝင်တွေကိုခြိမ်းခြောက်တာ၊ သက်ငယ်မုဒိန်းမှုတွေကျူးလွန်းပြီး sex tape နဲ့ခြိမ်းခြောက်အကြပ်ကိုင်တက်သူဖြစ်တာကြောင့် မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မော်လမြိုင် PDO)က ဇွန် ၈ရက်မှာသေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ထိုအဖွဲ့ကထုတ်ပြန်ထားပါတယ်။
