ပေါက်တောင်ပိုင်းပြောက်ကျားတပ်၏ ထိန်းချုပ်နယ်မြေအတွင်းတွင်ရှိသော ကျေးရွာများ၌ စာသင်ကျောင်းများကို မတ်လမှစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသုံးပစ္စည်းများလိုအပ်လျက်ရှိ၍ ပံ့ပိုးကူညီပေးရန် ပေါက်တောင်ပိုင်းပြောက်ကျားတပ်က ယနေ့ထုတ်ပြန်သည်။
ပေါက်တောင်ပိုင်း ကင်းမရွာမှ အခြေခံပညာအထက်တန်းကျောင်းကို ယနေ့အချိန်တွင် အခြေခံ ပညာအလယ်တန်းဆင့်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ပညာရေးဘုတ်အဖွဲ့နှင့်လည်းချိတ်ဆက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။


လုံခြုံးရေးတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိနေပြီး ကျောင်းသုံးဆောင် ပစ္စည်းများနှင့် ကလေးငယ်များ၏ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်လျက်ရှိနေတာကြောင့်မိဘပြည်သူများအနေဖြင့် တတ်နိုင်သလောက်လှူပေးကြပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်သည်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ် လုံခြုံးယူပေးနေသောကျောင်းများတွင် NON-CDM ဝန်ထမ်းများ၏ သားသမီးများ၊ ဒလန်ပျူတို့၏သားသမီးများ ကျောင်းတက်ခွင့် လုံးဝ(လုံးဝ)မပြုကြောင်းလည်း ဖော်ပြခဲ့သည်။

အဆိုပါပေါက်တောင်ပိုင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့၍ ကျေးရွာအများအပြား မီးလောင်ပျက်စီးခဲ့ကြရသည်။
ပေါက်တောင်ပိုင်းပြောက်ကျားတပ်၏ ထိန်းချုပ်နယ်မြေအတွင်းတွင်ရှိသော စာသင်ကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – ပေါက်တောင်ပိုင်းပြောက်ကျားတပ်
