ကရင်ပြည်နယ် ၊ဘားအံတက္ကသိုလ် မှာ CDM ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်တွေ မနေ့က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
တတိယနှစ် သင်္ချာအထူးပြုကျောင်းသားဖြစ်သူ ကိုဉာဏ်ကိုဝင်း ကို စစ်ကောင်စီတပ်ဟာ ဖမ်းဆီးတဲ့နေရာမှာတင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ကိုဉာဏ်ကိုဝင်း ရဲ့သူငယ်ချင်းတွေ သတင်းပို့လာတယ်လို့ ကျောင်းသားသမဂ္ဂကဆိုထားပါတယ်။
ဒီလို တက္ကသိုလ်ကျောင်းသားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ ၊ နှစ်ရှည်ထောင်ဒဏ်ကျခံရတာ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲနေကြချိန်မှာ ကျန်တဲ့ကျောင်းသားတွေအနေနဲ့ CDM လှုပ်ရှားမှုကိုဆက်လက်ထိန်းထားသင့်တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုထားပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ ဒီလို တရားလက်လွတ်သတ်ဖြတ်မှုအတွက် ရာနှုန်းပြည့် တာဝန်ခံရမယ်လို့ သတိပေးထားပါသေးတယ်။
