PDF များက ကျောင်းများကို တစ်ပတ်အတွင်း ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်ကာ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများကြား သွေး ခွဲသော စစ်ကောင်စီတပ်ကို ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း Kyaikhto Revolution Force – KRF က အသိ ပေးထုတ်ပြန်သည်။
ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍PDFများမှတစ်ပတ်အတွင်းကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

ယင်းလုက်ရပ်မှာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား သွေးခွဲခြင်းသာဖြစ်ပြီး ထိုသို့ကောက်ကျစ်သည့်လုပ်ရပ်မျိုးကို KRF မှ ပြုလုပ်မည်မဟုတ်ဘဲ သွေးခွဲသူများကိုသာ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဟု ကျိုထိုမြို့နယ်ပြည်သူများက အသိပေးသည်။

အလားတူ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ အပြစ်မဲ့ကလေးသူငယ်များ ရှိနေသည့် စာသသင်ကျောင်းများအား တော်လှန်ရေးသမား(PDF)စသည်ဖြင့်အမည်ခံကဖောက်ခွဲမှုဖြစ်ပေါ်လာပါက မည်သူတို့ ပြုလုပ်ကြောင်းကို မိမိတို့တတ်စွမ်းသလောက်ဝိုင်းဝန်းဖော်ထုတ်ကြရန် KRF ကအကူအညီတောင်းသည်။
KRF သည်ကျိုက်ထိုမြို့နယ်အတွင်းစစ်အာဏာရှင်ကိုအဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့် တော်လှန်ရေအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပြည်သူ
လူထုအပေါ် အတိ အလင်း ထုတ်ပြန်ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။
ဆက်လက်၍လည်း KRFအနေဖြင့်စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။
