လွိုင်ကော်မြို့၊ ဒေါတနောရေထွက်ပေါက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူများပြားကြောင်း (၁၀၀၈)တပ်ရင်းရှမ်းတောင်(SSRY)က ထုတ်ပြန်သည်။
ယနေ့ (ဇွန် ၃ ရက်) နေ့လယ် ၁နာရီခွဲခန့်က စတင်ခဲ့သောတိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၂)၊တပ်ရင်း (၁၄) ၊ ကရင်နီတပ်မတော် KA နှင့် (၁၀၀၈)တပ် ရင်း ရှမ်းတောင်(SSRY)တို့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲကို ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူခဲ့ရာ စစ်ကောင် စီတပ်များအကျဆုံးများခဲ့ပြီး လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ် ၊ လွိုင်လင်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရ ကြောင်း အသိပေးသည်။

ထို့ကြောင့် လက်နက်အင်အားမမျှတော့သဖြင့်နေ့လယ် ၃နာရီခွဲတွင် ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲတွင် KNDF တပ်ရင်း ၂ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး (၁၀၀၈) တပ်ရင်းမှရဲဘော်တစ်ဦးအသက်အန္တာရယ် မစိုးရိမ်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
“စကစ ဘက်ကသေတဲ့သူများလို့ လက်နက်ကြီး ပစ်ကူတွေ ဆက်တိုက်ပေးခဲ့တယ်။အခု ရဲဘော်က လက်နက် ကြီး ကျည်ထိလို့ ကျသွားရတာ”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့ကစ၍ လွိုင်ကော်မြို့အရှေ့ခြမ်းသို့ စစ် ကောင် စီ၏ ခလရ – ၅၃၀ မှ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF B – 14က ထုတ်ပြန်ထားသည်။
ယနေ့တိုက်ပွဲဖြစ်ပွားသောနေရာများသည် မိုင်းအန္တာရယ်များရှိနေပြီး တိုက်ပွဲများဆက်လက် ဖြစ်နိုင်သာကြောင့် ပြည်သူများသွားလာခြင်း၊ တောင်ယာစိုက်ခြင်းမပြုရန် KNDF တပ်ရင်း(၂) က မေတ္တာရပ်ခံသည်။
