မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ Mytel တာဝါတိုင်ကို စစ်ကိုင်းတိုင်းအခြေစိုက် မြောင်CDSOM အဖွဲ့နှင့်ဒေသတွင်းတော်လှန်ရေးအဖွဲ့များက မိုင်းဖောက်ခွဲဖြိုလဲခဲ့သည်။
ဇွန်လ ၁ ရက်နေ့ ည၁၁နာရီခွဲအချိန်က ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းတောင်ရွာရှိ Mytel တာဝါတိုင်အားမန္တလေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတင်မကဘဲ စစ်ကိုင်းတိုင်းမြောင်မြို့နယ်ရှိအဖွဲ့များပါလာရောက်ပူးပေါင်းမိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းCDSOM အဖွဲ့ကပြောသည်။
ဆက်သွယ်ရေးအော်ပရေတာများမှအကြမ်းဖက်စစ်ကောင်စီထံသို့ စီးဝင်နေသော ဝင်ငွေကို ဖြတ်တောက်ရန်အလို့ငှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CDSOMအဖွဲ့ကပြောသည်။
Mytelတာဝါတိုင်မိုင်းခွဲခြင်းအားမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM နှင့်အတူမဟာမိတ်များဖြစ်ကြသော တပ်ရင်း ၆ တပ်ခွဲ ၁(နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ NYSGF)နှင့် ငါန်းဇွန်ဟီးရိုးNgazun’sHeros၊တပ်ခွဲ ၂၊ Ngazun Fight Stars၊မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။
ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများတွင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CDSOM က ပြောသည်။
