အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု ထီးလင်း PDFက ပြောသည်။
ဇွန်လ ၂ရက်တွင် ကျောမြို့အခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံမှထွက်လာသည့် စစ်ယာဉ်တန်းကို ထီးလင်း PDFက ချိုခိုပြောက်ကျားနည်းဖြင့် ၁၅မိနစ်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာလာရာ PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အကျအဆုံးသတင်း အတည်ပြု၍မရနိုင်သေးကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်များသည် ယနေ့တွင် စစ်းဇယ်ရွာနှင့်ရေပုတ်ရွာများကို မီးရှို့ဖျက်ဆီးသွားခဲ့ရာ လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ထီးလင်း PDFအပါအဝင် ယောဒေသအတွင်းရှိ PDFများစုပေါင်းပြီး ယောဒေသ PDF တပ်ပေါင်းစုကို စုဖွဲ့ကာ တိုက်ပွဲ၊ စစ်ရေးအရှိန်မြှင့်တင်ရန် စီစဉ်လျက်ရှိသည်။
